မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

ပရီးမီးယားလိဂ် အာဆင်နယ် ၂-၁ အဲဗာတန် (ရုပ်သံဟိုက်လိုက်)




အောက်တိုဘာ ၂၄ ရက်ညက ယှဉ်ပြိုင် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းက အဲဗာတန် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိပြီး ဇယား ထိပ်ဆုံးကို တက်လှမ်း သွားပါတယ်။

အာဆင်နယ် အသင်း အတွက် အနိုင်ဂိုး တွေကို Olivier Giroud က ၃၆ မိနစ်မှာ ၁ ဂိုးနဲ့ ၃၈ မိနစ်မှာ Koscielny က ၁ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းအတွက် ခြေပဂိုးကိုတော့ ပထမပိုင်း ပြီးခါနီး ၄၄ မိနစ်မှာ Ross Barkley က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး အဲဗာတန်အသင်းကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118293

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment