မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 29, 2016

တိုနီခရူးစ်၏ ဂိုးဖြင့် ရီးရဲလ်နိုင်ပွဲဆက်၊ အက်သလက်တီကို ထပ်မံခြေချော်




တိုနီခရူးစ်၏ နောက် ကျဂိုးဖြင့် ရီးရဲလ် မက်ဒရစ်က လာလီဂါ အစ ပထမဆုံး အိမ်ကွင်းပွဲ တွင် အထင်ကြီး စရာခြေစွမ်းဖြင့် ဆဲလ်တာ ဗီဂိုကို ၂-၁ ဂိုးဖြင့် အ နိုင်ရ ရှိခဲ့သည်။

ဆီမြွန်နီ၏ အက် သလက်တီကို အဖွဲ့သားများမှာမူ တန်းတက်လာသော အသင်းတစ် သင်းနှင့် ယှဉ်ပြိုင်မှုတွင် ဒုတိယ အကြိမ်စိတ်ပျက်ခဲ့ရပြီး လီဂါ နက်စ်အသင်းနှင့် ဂိုးမရှိသရေကျ ခဲ့သည်။ အက်သလက်တီကိုသည် ရာသီအဖွင့်ပွဲတွင်လည်း အာလာ ဗက်စ်နှင့် တစ်ဂိုးစီသရေကျခဲ့ သည်။


ရီးရဲလ်အတွက် ပထမဂိုးကို ဂျူဗင်တပ်မှ ပြန်လည်ခေါ်ယူထား သော မိုရက်တာက မိနစ် ၆၀ တွင်သွင်းယူခဲ့ပြီး အိုရယ်လာနာက ဆဲလ်တာဗီဂိုအတွက် ၆၇ မိနစ် တွင် ချေပခဲ့သည်။ သို့သော် ၈၁ မိနစ်တွင် တိုနီခရူးစ်က ရီးရဲလ် အတွက် အနိုင်ဂိုးကို အပြင်းကန် သွင်းယူခဲ့သည်။

‘‘ကျွန်တော်မျှော်လင့်ထား တာထက် အများကြီးပိုကောင်း တဲ့ အသင်းကြောင့် ကျွန်တော်တို့ ခံစားခဲ့ရတယ်’’ဟု နည်းပြ ဇီဒန်း က သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားသည်။

ဆဲလ်တာဗီဂိုနှင့်ပွဲတွင် ဒဏ် ရာရနေသော ရော်နယ်ဒိုနှင့် ဘန် ဇီးမားတို့ မပါဝင်ခဲ့ပေ။

ဒုတိယလာလီဂါပွဲသရေကျ ခဲ့ပြီးနောက် အက်သလက်တီကို တိုက်စစ်မှူး အန်တိုနီယိုဂရစ်ဇ် မန်းက ဝေဖန်လိုက်သည်။

‘‘ကျွန်တော်တို့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် တန်း မဆင်းရရေး တိုက်ပွဲဝင်ရလိမ့် မယ်’’ဟု ဂရစ်ဇ်မန်းက ပြောပြ လိုက်သည်။

အခြားလာလီဂါပွဲစဉ်များ တွင် ဗလင်စီယာက အီဘာကို ၁-၀ ဂိုးဖြင့် ရှုံးပြီး ဒုတိယရှုံးပွဲ တွေ့သွားခဲ့သည်။ ရီးရဲလ်ဆိုစီ ဒက်က အိုဆာဘူနာတွင် ၂-၀ ဂိုး ဖြင့် အနိုင်ရရှိပြီး လမ်းကြောင်း မှန်ပေါ် ပြန်ရောက်လာခဲ့သည်။

ဗလင်စီယာအသင်းတွင် အာ ဆင်နယ်သို့ ရောင်းချမည့် နောက် တန်းလူ မူစတာဖီနှင့် ဘာစီလိုနာ က ခေါ်ယူရန် ကြိုးစားနေသည့် တိုက်စစ်မှူး အယ်လ်ကာဆာတို့ မပါဝင်ခဲ့ပေ။

ထိုအတောအတွင်း အသင်း မှ ထွက်ခွာမည်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း ကို လံဘီယာကွင်းလယ်လူ ဂျိမ်းစ်ရို ဒရီဂွက်ဇ်အသင်းတွင် ဆက်ရှိ မည်ဟု ရီးရဲလ်နည်းပြ ဇီဒန်းက ပြောကြားသည်။

—Ref:AP

From : 7 day daily

Originally published at - http://www.7daydaily.com/story/74044

No comments:

Post a Comment