မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 30, 2016

ရွန်နီကို အင်္ဂလန် အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ပေး




အင်္ဂလန် နည်းပြသစ် ဆမ် အလာဒိုက်စ်က အသင်း ခေါင်းဆောင် ရာထူးအား ၀ိန်း ရွန်နီကို ဆက်လက် တာဝန်ပေး လိုက်ပါတယ်။

ရွန်နီကို အသင်း ခေါင်းဆောင် အဖြစ် ပေးဖို့ အလွယ် တကူ ဆုံးဖြတ်နိုင် တယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ စလိုဗက်ကီးယားနဲ့ ကစားရဖို့ ရှိနေပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူး ရွန်နီဟာ အင်္ဂလန်နည်းပြဟောင်း ဟော့ဆန် လက်ထက်မှာ အသင်းခေါင်းဆောင် တာဝန်ကို ယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ရှုံးထွက် အဆင့်မှာပဲ လှည့်ပြန်ခဲ့ရပါတယ်။

ရွန်နီဟာ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၁၁၅ ပွဲ ကစားပေးထားပြီး ၅၃ ဂိုး သွင်းပေး ထားပါတယ်။

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166230

No comments:

Post a Comment