မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 28, 2016

ဆန်းတို့စ်တိုက်စစ်မှူး ဘာဘိုဆာကို အင်တာမီလန် ခေါ်ယူ




အင်တာမီလန် အသင်းက ဘရာဇီး အိုလံပစ် အသင်းက တိုက်စစ်မှူး ဂါဘီရယ် ဘာဘိုဆာကို ခေါ်ယူဖို့ သဘော တူညီချက် ရသွား ပါတယ်။

အင်တာမီလန်က အသက် ၁၉ နှစ် အရွယ် တိုက်စစ်မှူး ဘာဘိုဆာကို ဘရာဇီးကလပ် ဆန်းတို့စ် အသင်း ကနေ ခေါ်ယူ လိုက်တာပါ။

သူ့ကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေတာပါ။ အင်တာက စပို့တင်း လစ္စဘွန်းအသင်းက မာရီယိုကိုလည်း ပေါင်သန်း ၃၀ နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဘရာဇီး တိုက်စစ်မှူး ဘာဘိုဆာဟာ ရီယို အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးကို ရွှေတံဆိပ်ရအောင် အဓိကနေရာကနေ ကူညီထားပါတယ်။ သူဟာ ဒိန်းမတ်အသင်းကို အနိုင်ရတဲ့ အုပ်စုအဆင့် ပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/165912

No comments:

Post a Comment