မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 23, 2016

ပရီးမီးယားလိဂ်တွင် လာရောက် ကစားဖွယ် ရှိဟု တိုက်စစ်မှူး ဂရက်ဇ်မန်း ပြော




အက်သလက် တီကို ကနေ ထွက်ခွာ ဖြစ်ရင် ပရီးမီးယား လိဂ်မှာ လာရောက် ကစားဖြစ်ဖွယ် ရှိတယ်လို့ ပြင်သစ် တိုက်စစ်မှူး ဂရက်ဇ်မန်းက ပြောကြား လိုက်ပါတယ်။

ဂရက်ဇ်မန်းအနေနဲ့ လက်ရှိ အချိန်မှာတော့ အက်သလက် တီကိုကနေ ထွက်ခွာဖို့ ဆန္ဒ မရှိသေးဘဲ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ်မှာ လာရောက် ကစားဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိ ဂရက်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပြီး အသင်းနဲ့အတူ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးချင်တယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်နဲ့ မန်ယူကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ စံပြကစားသမားဖြစ်ပြီး ကျောနံပါတ် ၇ ဟာ ဘက်ခမ်းဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်တာကြောင့် သူ့အနေနဲ့လည်း ကျောနံပါတ် ၇ ကို ရွေးချယ်ဝတ်ဆင်နေတာ ဖြစ်တယ်လို့လည်း ဂရက်ဇ်မန်းက ဆိုပါတယ်။

ဓာတ်ပုံ - ရိုက်တာ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/165094

No comments:

Post a Comment