မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 30, 2016

လက်စတာအသင်း အယ်ဂျီးယား တိုက်စစ်မှူးကို ခေါ်ယူရန် ညှိနှိုင်း




ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ အသင်းက အယ်ဂျီးယား တိုက်စစ်မှူး အစစ်လမ် ဆာလာမာနီကို ခေါ်ယူဖို့ ပြောဆို ညှိနှိုင်း aနပါတယ်။

လက်စတာ အသင်းက ဆာလာမာနီကို ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းအသင်း ကနေ ခေါ်ဖို့ ကြိုးစား နေတာပါ။

စပို့တင်း အသင်းက ပြောင်းရွှေ့ကြေး အတွက် ပေါင် ၃၄ သန်းကျော် အလို ရှိပေမယ့် လက်စတာ ကတော့ စဉ်းစားနေပါတယ်။

အသက် ၂၈ နှစ်အရွယ် ဆာလာမာနီ ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ သူဟာ စပို့တင်းအသင်းအတွက် ၄၆ ပွဲမှာ ၃၁ ဂိုး သွင်းပေးထားပါတယ်။

အယ်ဂျီးရီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲ ကစားခွင့်ရထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/166160

No comments:

Post a Comment