မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 30, 2016

အီဗရာဟီမိုဗစ်ခ်ျ၏ သွင်းဂိုးဖြင့် ယူကရိန်းကလပ်ကို မန်ယူ အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် အုပ်စုအေက မန်ချက်စတာ ယူနိုက်တက်နဲ့ ယူကရိန်း ကလပ် ဇော်ယာတို့ စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်ရာ အီဗရာဟီ မိုဗစ်ခ်ျရဲ့ တလုံး တည်းသော သွင်းဂိုးနဲ့ မန်ယူက အနိုင်ရ သွားပါတယ်။

ပထမပွဲစဉ်မှာ ဖီယင်နုကို ရှုံးနိမ့်ခဲ့လို့ မန်ယူတို့ ဒီပွဲမှာ အားစိုက် ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ ရပ်ရှ်ဖို့ဒ် အပြင်း ကန်သွင်းတဲ့ ဘောလုံး တိုင်ထိပြီး ထွက်ခဲ့တာ အပါအ၀င် အပိုင်အခွင့် အရေး တချို့ လွဲချော်ခဲ့တဲ့ အတွက် မန်ယူတို့ စောစော စီးစီး ဂိုးမရ ဖြစ်နေ ခဲ့တာပါ။

မန်ယူဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်း အထိ ရှိခဲ့သလို ဂိုးကန်သွင်း ခွင့်မှာလည်း အသာစီး ရခဲ့ပါတယ်။

မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၉ မိနစ်မှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက အနီးကပ် ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။

အုပ်စုအေ အခြားပွဲစဉ်မှာတော့ တူရကီကလပ် ဖီနာဘာချီက နယ်သာလန်ကလပ် ဖီယင်နုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စုအေက နှစ်ပွဲစီ ကစားအပြီးမှာတော့ ဖီနာဘာချီက ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဖီယင်နုနဲ့ မန်ယူတို့ကတော့ ၃ မှတ်စီနဲ့ အဆင့် ၂ နဲ့ ၃ မှာ အသီးသီး ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/170282

No comments:

Post a Comment