မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, September 28, 2016

ပေါ်တိုကို အနိုင်ယူပြီး ချန်ပီယံလိဂ် နိုင်ပွဲဆက်သည့် လက်စတာ (ရုပ်သံဟိုက်လိုက်)




စက်တင်ဘာ ၂၇ ရက်ညက ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်မှာ လက်စတာက ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

လက်စတာ အတွက်တော့ ချန်ပီယံလိဂ် ပြိုင်ပွဲ အိမ်ကွင်းမှာ ပထမဆုံး အကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။

အနိုင်ဂိုးကို စလီမာနီက ၂၅ မိနစ်မှာ သွင်းယူပါတယ်။ စလီမာနီဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ဒီနှစ်ရာသီမှာ ပြောင်းရွေ့လာတာပါ။

ချန်ပီယံလိဂ်မှာ ၂ ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ ပေါ်တိုအသင်းဟာ ဒုတိယပိုင်းမှာ ဖိအားပေး ကစားနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။

ဒီပွဲနိုင်လို့ လက်စတာက အုပ်စု ဂျီ မှာ ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။

ပေါ်တိုကတော့ ၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/170035

No comments:

Post a Comment