မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, September 29, 2016

ဆဲလ်တစ်နှင့် မန်စီးတီး ၃ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)




စက်တင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု စီ ဒုတိယ ပွဲစဉ်မှာ စကော့တလန် ကလပ် ဆဲလ်တစ်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးတို့ ၃ ဂိုးစီ သရေကျ သွားပါတယ်။

ဆဲလ်တစ်ဟာ အိမ်ကွင်းမှာ မန်စီးတီးကို အကောင်းဆုံး တုံ့ပြန် ကစားပြီး ဦးဆောင်ဂိုး အကြိမ်ကြိမ် သွင်းယူ ခဲ့တာပါ။

ပွဲအစ ၃ မိနစ်မှာပဲ ဒမ်ဘီလီက ဆဲလ်တစ်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၁၁ မိနစ်မှာ ဖာနန်ဒင်ဟိုက မန်စီးတီးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

မိနစ် ၂၀ မှာ မန်စီးတီး တိုက်စစ်မှူး စတာလင် ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ဆဲလ်တစ် ဒုတိယဦးဆောင်ဂိုး ရခဲ့ပေမယ့် ပွဲချိန် ၂၈ မိနစ်မှာ စတာလင်ကပဲ မန်စီးတီးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

မန်စီးတီးဟာ ဒီပွဲစဉ် အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ်အသတ် အသာစီးရခဲ့ပါတယ်။

ဆဲလ်တစ်ကလည်း ရတဲ့အခွင့်အရေးကို အပိုင် အသုံးချနိုင်ခဲ့ပြီး အဖိုးတန် ၁ မှတ်ကို ရယူနိုင်ခဲ့တာပါ။

ဆဲလ်တစ်အတွက် တတိယဂိုးကို ၄၇ မိနစ်မှာ ဒမ်ဘီလီကပဲ သွင်းယူပေးခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ နိုလီတိုက မန်စီးတီးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ တဘက် ၃ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

အုပ်စုစီ တခြားပွဲစဉ်မှာတော့ ဂျာမန်ကလပ် မိုချန်ဂလာဘတ်ကို စပိန်လာလီဂါထိပ်သီး ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီအုပ်စုက ၂ ပွဲစီ ကစားပြီးချိန်မှာတော့ ဘာစီလိုနာက ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမ၊ မန်စီးတီးက ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဆဲလ်တစ်က ရမှတ် ၁ မှတ်နဲ့ အုပ်စု တတိယ၊ မိုချန်ဂလာဘတ်ကတော့ အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/170156

No comments:

Post a Comment