မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 25, 2016

မျိုးဆက်မပြတ် ကစားသမားများ ပေါ်ထွက်ရေး ပြင်ဆင်လျက်ရှိဟု တင်းနစ် အဖွဲ့ချုပ်ဆို




မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် အနေနဲ့ လာမယ့် ဆီးဂိမ်း အတွက်သာ မကပဲ Davis Cup နဲ့ မျိုးဆက် မပြတ်သော ကစားသမားတွေ ပေါ်ထွက်ရေး အတွက်လည်း လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလေးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အတွင်းမှာ သိန်း ၂ ထောင်ကျော် အသုံးပြုထားပြီးတော့ ဒီလို အသုံးပြုတာဟာ ကစားသမားတွေရဲ့ လေ့ကျင့်ရေး၊ ပြိုင်ပွဲများကျင်းပရေး၊ မျိုးဆက်သစ် ကစားသမားတွေ ပေါ်ထွက်လာရေး အတွက် အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာတင်းနစ်အားကစားအဖွဲ့အနေနဲ့ ပဏာမ လက်ရွေးစင်တွေ ရွေးချယ်ပြီး အပြင်းအထန် လေ့ကျင့်လျက်ရှိပေမယ့် ကစားသမားတွေ အတွက် ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှားပါးတာဟာ အားနည်းချက်ဖြစ်သွားနိုင်တယ်လို့ အသင်းနည်းပြ ဖြိုးမင်းသာက ပြောပါတယ်။

တင်းနစ်အားကစားအဖွဲ့ဟာ တချိန်က ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် အခုအချိန် မှာတော့ အောင်မြင် မှုတွေနဲ့ ဝေးကွာနေ ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်ပြိုင်ပွဲတွေကို အောက်တိုဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကျင်းပနေပြီး လာမယ့် ဆီးဂိမ်းအတွက် ကစားသမားတွေ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ-ထက်လူ

From : ဒီဗွီဘီ by လျှမ်းလူ

Originally published at - http://burmese.dvb.no/archives/173397

No comments:

Post a Comment