မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 9, 2016

ပိုက်‌‌ကျော်‌ခြင်း အားကစားအဖွဲ့ ဆီးဂိမ်းတွင် ‌ရွှေ ၂ ဆုရရန် မျှော်လင့်




ပိုက်‌‌ကျော်‌ခြင်း အားကစား အဖွဲ့ အ‌နေနဲ့ လာမယ့်‌ ဆီးဂိမ်းမှာ ‌အမျိုးသားက ရွှေ ၁ ဆု၊ အမျိုးသမီးက‌ ရွှေ ၁ ဆု ဆွတ်‌ခူးနိုင်‌ဖို့‌ မျှော်‌မှန်း ထားတယ်‌လို့ ထိုင်းနိုင်‌ငံသား နည်းပြ ဆွမ်ကီယတ် (Somkiat) က‌ ပြောပါတယ်‌။



လက်‌ရှိ အချိန်‌မှာ ပိုက်‌‌ကျော်‌ခြင်း အားကစားက လာမယ့်‌ ဆီးဂိမ်းမှာ အမျိုးသား ကစားနည်း ၃ မျိုးနဲ့ အမျိုးသမီး ကစားနည်း ၂ မျိုး ဝင်‌‌ရောက်‌ ယှဉ်‌ပြိုင်‌ဖို့ ရှိပြီး‌ ကစားသမား ၂၀ ‌ကျော်‌‌ စေလွှတ်‌ ယှဉ်‌ပြိုင်‌မှာ ဖြစ်‌ပါတယ်‌။



လက်‌‌ရွေးစင်‌ ကစားသမား‌ဟောင်း‌တွေ ပြန်‌လည်‌ ပူး‌ပေါင်းဖို့နဲ့ အခြား ကစားသမား‌ ကောင်း‌တွေ ထပ်‌မံ ရရှိလာဖို့ လာမယ့် ဒီဇင်‌ဘာ လမှာ လူ‌ရွေးပွဲ ထပ်‌မံပြုလုပ်‌ သွားဖို့ ရှိနေ ပါတယ်‌။



ပိုက်‌‌ကျော်‌ခြင်း အားကစားဟာ မြန်‌မာနိုင်‌ငံ အတွက်‌ ဆုတံဆိပ်‌တွေ အစဉ်‌အမြဲ ရယူ‌ပေး‌နေတဲ့ ကစားနည်းဖြစ်‌ပြီး‌တော့ လာမယ့် ဆီးဂိမ်းမှာလည်း ပွဲစဉ်‌တိုင်းမှာ ဆုတံဆိပ်‌‌တွေ ရ‌နိုင်ဖို့‌ သေချာ‌နေ တယ်‌ဆိုပြီး နည်းပြ တဦးက‌လည်း ပြောပါတယ်‌။

သတင်း၊ ဓာတ်ပုံ – ထက်လူ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175315

No comments:

Post a Comment