မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 24, 2017

လက်ရှိ ဘောလုံးရာသီ ပြီးဆုံးချိန်ထိ မန်ယူအတွက် ဆက်လက် ကစားပေးမည်ဟု ရူနီ ကတိပြု




မန်ချက်စတာ၊ ဖေဖော်ဝါရီ ၂၄

မန်ယူ တိုက်စစ်မှူး ရူနီသည် တရုတ် ဆူပါလိဂ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ် နေခြင်းများကို အဆုံးသတ် လိုက်ပြီ ဖြစ်ကာ ၎င်းအနေနှင့် လက်ရှိ ဘောလုံးရာသီ ပြီးဆုံး ချိန်တိုင်သည် အထိ မန်ယူ အတွက် ဆက်လက် ကစားပေး သွားမည်ဟု ကတိပြု ပြောကြား လိုက်ပြီ ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

ရူနီ၏ အေးဂျင့်ဖြစ်သူ ပေါလ်စထရက်ဖို့ဒ်သည် လွန်ခဲ့သည့် ရက်အနည်းငယ် ခန့်က ရူနီ အပြောင်း အရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံသို့
ရောက်ရှိနေ ခဲ့ပြီး အီတလီ လက်ရွေးစင် နောက်ခံ ကစားသမားဟောင်း ကန်နဗာရိုကို နည်းပြ အဖြစ် ခန့်အပ်ထားသည့် တီယန်ကျင်းကွမ်ဂျီယန် အသင်းက ၎င်းတို့အနေနှင့် ရူနီကို ခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်း ခဲ့ကြောင်းကို ဖွင့်ဟ ဝန်ခံ ထားပြီလည်း ဖြစ်သည်။

ရူနီသည် ၎င်းအနေနှင့် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ မန်ယူအတွက် ဆက်လက်ကစားပေးသွားမည် ဖြစ်ကြောင်းကို ကတိပြု ပြောကြားခဲ့သော်လည်း လာမည့် ဘောလုံးရာသီ အတွက်မူ အာမခံချက် ပေးနိုင်မည် မဟုတ်ဟု တစ်ပါတည်း ထည့်သွင်းအသိပေးသွားခဲ့ကာ မန်ယူကစားသမားဟောင်းများ ဖြစ်ကြသည့် ရွိုင် ကိန်းနှင့် ပေါလ်စခိုးတို့ကမူ ရူနီ အတွက် တရုတ်ဆူပါလိဂ်မှာ သင့်တော်ခြင်း မရှိဘဲ အခြားသော ထိပ်တန်းလိဂ် များတွင် ကစားသမားဘဝ ဆက်လက် ဖြတ်သန်းနိုင်သည့် စွမ်းဆောင်ရည်မျိုး ရူနီထံတွင် အပြည့် ရှိသေးကြောင်း သုံးသပ်ပြောဆို ထားကြသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက စိန့်အက်တီယန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့တွင် ကာရစ်နှင့် အမ်ခီတာယန်တို့ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး သည့်နောက်၌ ရူနီကို တရုတ်ဆူပါလိဂ်သို့ လက်ရှိ အခြေအနေတွင် မပြောင်းရွှေ့ရန် ဖျောင်းဖျ စည်းရုံးလိုက်ခြင်း ဖြစ်ဖွယ်ရှိ သည်ဟု သုံးသပ် ချက်များလည်း ထွက်ပေါ်နေပြီး တရုတ် ဆူပါလိဂ်သို့ ပြောင်းရွှေ့မည်ဆိုပါက ရူနီကို တစ်ပတ် လုပ်ခလစာ ပမာဏ ပေါင်တစ်သန်း ပေးချေမည့် အသင်း များမှာ အဆင်သင့် ရှိနေကြပြီ ဖြစ်သည်။

From : The Voice Myanmar

Originally published at - http://thevoicemyanmar.com/sports/6437-rny

No comments:

Post a Comment