မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 26, 2017

ဆောက်သမ်တန်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး မန်ယူ လိဂ်ဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)




အင်္ဂလန် လိဂ်ဖလား ဗိုလ်လုပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ ဖေဖော်ဝါရီ ၂၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး လိဂ်ဖလား ဆွတ်ခူး သွားပါတယ်။

နည်းပြ မော်ရင်ဟို မန်ယူကို ကိုင်တွယ်တဲ့ ပထမဆုံး ရာသီမှာ ပထမဆုံး ဆုဖလား ဆွတ်ခူး နိုင်တာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ယှဉ်ပြိုင် ခဲ့ကြတာပါ။

ဆောက်သမ်တန်က ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်း ခွင့်တွေမှာ အနည်းငယ် အသာစီး ရခဲ့ပါတယ်။

ဒီပွဲအတွက် အဖွင့်ဂိုးကို မန်ယူ တိုက်စစ်မှူး အီဘရာဟီ မိုဗစ်က ပွဲချိန် ၁၉ မိနစ်မှာ ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းပြီး ရယူပေး ခဲ့ပါတယ်။

ဒီ့နောက် ပွဲချိန် ၃၈ မိနစ်မှာ မန်ယူအတွက် လင်ဂတ်က ဒုတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူပေး ခဲ့ပေမယ့် ပထမပိုင်း ပြီးခါအနီး နာကျင် အချိန်ပိုမှာ ဆောက်သမ်တန် တိုက်စစ်မှူး ဂတ်ဘီယာဒီနီက ချေပဂိုး တဂိုး ပြန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ မန်ယူက ဦးဆောင်နိုင် ခဲ့တာပါ။

ဒုတိယပိုင်း ပွဲစပြီး မကြာခင်မှာပဲ ဆောက်သမ်တန်အတွက် တိုက်စစ်မှူး ဂတ်ဘီယာဒီနီက ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာ မန်ယူအတွက် ဖလားဆွတ်ခူးနိုင်မယ့် အဖိုးတန်အနိုင်ဂိုးကို တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကပဲ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ဒီရာသီအတွက် လိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191719

No comments:

Post a Comment