မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 26, 2017

လက်စတာ နည်းပြကို ထုတ်ပယ် လိုက်သည့် အပေါ် ပရီးမီးယားလိဂ် နည်းပြများ အံ့အားသင့်




လက်စတာ အသင်းက နည်းပြ ရေနီ ယာရီကို ထုတ်ပယ် လိုက်တဲ့ အပေါ် ပရီးမီးယားလိဂ် အသင်း နည်းပြ aတွက အံ့အားသင့် မိကြောင်း ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ချဲလ်ဆီး နည်းပြ အီတလီ နိုင်ငံသား ကွန်တီ ကတော့ မန်နေဂျာကောင်း တယောက်ကို ထုတ်ပယ်လိုက်တဲ့ အပေါ် ၀မ်းနည်း မိကြောင်း ပြောပါတယ်။ လက်စတာ အသင်းရဲ့ ဆုံးဖြတ်ချက် အတွက်လည်း စိတ်ပျက် ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ချန်ပီယံ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပြီး တန်းဆင်းဇုန်ရဲ့ အထက်နားမှာ ၁ မှတ်အကွာနဲ့ အဆင့် ၁၇ မှာ ရပ်တည်နေ ပါတယ်။

လီဗာပူးနည်းပြ ဂျာကန် ကလော့ကတော့ နည်းပြ ရေနီယာရီကို ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်က ထူးဆန်းနေပြီး ဒီလိုလုပ်တဲ့အပေါ်မှာ အံ့အားသင့်မိတယ် လို့လည်း ပြော ပါတယ်။

သူက တကယ်တော့ အသင်းအတွက် အားထားရမယ့်သူ ဖြစ်တယ်လို့လည်း လီဗာပူးနည်းပြက ပြောဆိုသွားပါတယ်။

လက်စတာ နည်းပြ ရာထူးနေရာမှာ အီတလီနိုင်ငံသား နည်းပြ မန်ချီနီက ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191640

No comments:

Post a Comment