မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 26, 2017

ဖူဆယ် အမှတ်ပေးလိဂ် ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပမည်




ဖူဆယ် အမှတ်ပေးလိဂ် ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ လာမယ့် မတ်လ ၁ ရက်မှာ စတင်မှာ ဖြစ်ပြီး အရင်နှစ်တွေ ကထက် စည်းကမ်းပိုင်း ပိုမိုတင်းကျပ် ထားတယ်လို့ ဖူဆယ် ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောပါတယ်။

ဖူဆယ်ကလပ်အသင်းတွေအနေနဲ့ ဒီနှစ်ပြိုင်ပွဲမှာ လုပ်ပွဲကစားတာ၊ ဂိုးရလဒ်ညှိကန်တာ၊ လူစုံ လာရောက်ယှဉ်ပြိုင်ခြင်း မရှိတာတွေနဲ့ တခြား စည်းကမ်းပိုင်း ဖောက်ဖျက် မှုတွေ ပြုလုပ်မယ် ဆိုရင် ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်သွားမယ်လို့ သိရပါတယ်။

ဒီနှစ် ဖူဆယ်လိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသား ကစားသမား ၂ ဦး ခေါ်ယူခွင့်ပေးထားပြီး PU အသင်းနဲ့ ရန်ကုန်စီးတီးအသင်းတို့က နိုင်ငံခြားသား ၂ ဦး ခေါ်ယူထားပါတယ်။

နှစ်ကျော့ကစားအပြီးမှာ ချန်ပီယံဆုရတဲ့အသင်းကို ဆုကြေး ကျပ်သိန်း ၅၀၊ ဒုတိယရတဲ့ အသင်းကို ကျပ်သိန်း ၃၀၊ တတိယရအသင်းကို ကျပ်သိန်း ၂၀၊ စတုတ္ထရအသင်းကို ကျပ် ၁၀ သိန်း ချီးမြှင့်ပေးမှာပါ။

ဒါ့အပြင် အသန့်ရှင်းဆုံးအသင်းဆုအတွက် ကျပ် ၅ သိန်း၊ ပြိုင်ပွဲတလျှာက် ဂိုးသွင်းအများဆုံး ကစားသမားဆု၊ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုတွေအတွက် ကျပ် ၃ သိန်း ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရတဲ့အသင်းဟာ အာရှဖူဆယ်ကလပ်အသင်း ချန်ပီယံရှစ်ပြိုင်ပွဲ ကစားခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

ဖူဆယ်လ်အမှတ်ပေးလိဂ်ပြိုင်ပွဲကို သုဝဏ္ဏအားကစားပြိုင်ပွဲရုံ ၁ မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး တနေ့ကို ၅ ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လာမယ့် မတ်လ ၁ ရက်မှာ စတင်မယ့် အဖွင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ MIC အသင်းက ရန်ကုန်စီးတီး၊ VUC အသင်းက UPT၊ PU အသင်းက UM၊ ရာမညအသင်းက Titans XII၊ မြို့မအသင်းက White Colour အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191667

No comments:

Post a Comment