မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 25, 2017

လီဗာပူး ကွင်းလယ်လူ လယ်လာနာ အသင်းနှင့် စာချုပ် သက်တမ်းတိုး




လီဗာပူး ကွင်းလယ် ကစား သမား လယ်လာနာဟာ အသင်းနဲ့ စာချုပ် သက်တမ်း တိုးလိုက် တာကြောင့် ၂၀၂၀ ပြည့်နှစ် အထိ အသင်းမှာ ဆက်ရှိတော့မှာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိ လယ်လာနာ အနေနဲ့ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ၁ သောင်း ရရှိမှာ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ မိမိ အတွက် ကောင်းမွန် တဲ့နေရာ ဖြစ်ပြီး နည်းပြနဲ့ အသင်းရဲ့ ယုံကြည်မှုကို ရပြီး အခုလိုနှစ်ရှည် စာချုပ် ချုပ်နိုင်ခဲ့တဲ့ အတွက် ကျေနပ် ဂုဏ်ယူ မိတယ်လို့ လယ်လာနာက ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်တဦးလည်းဖြစ်တဲ့ လယ်လာနာဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ် ပြီး လီဗာပူးအသင်းနဲ့ အင်္ဂလန်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ပရီးမီးယား လိဂ်ပွဲပေါင်း ၈၀ ကစားကာ သွင်းဂိုး ၁၆ ဂိုး အထိသွင်းယူထားပါတယ်။

လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိကကစားသမား ကော်တင်ဟိုကိုလည်း တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191515

No comments:

Post a Comment