မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 20, 2017

လူငယ် တိုက်စစ်မှူးကို ပေါင် ၆၄ သန်းဖြင့် လီဗာပူး ကမ်းလှမ်းမှု မိုနာကို ပယ်ချ




လီဗာပူး အသင်းဟာ မိုနာကို လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ပေါင် ၆၄ သန်းနဲ့ ကမ်းလှမ်း ခဲ့ပေမယ့် မိုနာကို ဘက်က ပယ်ချ လိုက်ပါတယ်။

မိုနာကို အသင်းနေနဲ့ ထိပ်သီ အသင်းတွေက ခေါ်ယူ လိုနေတဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ အလို ရှိနေ တယ်လို့ စပိန် သတင်းစာ တစ်စောင်ဖြစ်တဲ့ မာကာက ဖော်ပြပါတယ်။

အသက် ၁၈ နှစ်ရှိ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြနေပြီး မိုနာကိုအတွက် ၃၈ ပွဲမှာ ၂၆ ဂိုး သွင်းယူထားပါတယ်။

မိုနာကိုအသင်း ဒုတိယဥက္ကဋ္ဌ ဗာဆေယက်ဗ်ကလည်း ခြေစွမ်းပြနေတဲ့ အမ်ဘာပေကို ထိန်းသိမ်းလိုနေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရမှ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အမ်ဘာပေးကို ခေါ်ယူဖို့အတွက် လီဗာပူအသင်းအပြင် အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207588

No comments:

Post a Comment