မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 22, 2017

ခရိုတိုနေးကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး စီးရီးအေ ချန်ပီယံဆုကို ဂျူဗင်တပ် ၆ နှစ်ဆက်တိုက် ဆွတ်ခူး




မေလ ၂၁ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အီတလီ စီးရီးအေ နောက်ဆုံး ပွဲစဉ်မှာ ဂျူဗင်တပ်က ခရိုတိုနေးကို ၃ ဂိုးပြတ်နဲ့ အနိုင် ယူပြီး ချန်ပီယံ ဆုကို ၆ နှစ် ဆက်တိုက် ဆွတ်ခူး သွားပါတယ်။

ဂျူဗင်တပ် အသင်းဟာ စီးရီးအေ သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံဆုကို ၆ နှစ်ဆက်တိုက် ရယူနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဂျူဗီအသင်းဟာ အမှတ်ပေါင်း ၈၈ မှတ်ရပြီး ဒုတိယနေရာက ရိုးမားကို ၄ မှတ်အသာနဲ့ ချန်ပီယံဖြစ်သွားတာပါ။

အီတလီ စီးရီးအေသမိုင်းမှာ ဂျူဗင်တပ်အသင်းဟာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆုဖလား ၃၃ ခု ရရှိထားပါတယ်။

စီးရီးအေမှာ ချန်ပီယံလိဂ် ဝင်ခွင့်တွေကိုတော့ ချန်ပီယံ ဂျူဗင်တပ်နဲ့အတူ ဒုတိယနေရာက ရိုးမားနဲ့ တတိယနေရာက နာပိုလီတို့ ရရှိသွားပါတယ်။

ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ လာဇီယို၊ အတ္တလန္တာနဲ့ အေစီမီလန်တို့က အသီးသီး ရရှိသွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207875

No comments:

Post a Comment