မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 23, 2017

လာမည့် ဆီးဂိမ်း မြန်မာ ဘိလိယက်နှင့် စနူကာအဖွဲ့ ရွှေတံဆိပ် ၃ ခု မျှော်မှန်း




မြန်မာ နိုင်ငံ ဘိလိယက်နဲ့ စနူကာ အားကစား အဖွဲ့ အနေနဲ့ လာမယ့် ဆီးဂိမ်းမှာ ရွှေတံဆိပ် ၃ ဆုထိ မျှော်မှန်းပြီး နေပြည်တော်မှာ ရှိတဲ့ အားကစား လေ့ကျင့်ရေး စခန်းမှာ လေ့ကျင့် ပြင်ဆင်လျက် ရှိပါတယ်။

မလေးရှား ဆီးဂိမ်းမှာ ဘိလိယက်၊ စနူကာ၊ Pool အားကစားနည်း သုံးမျိုး စလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဘိလိယက် ၂ ယောက်တွဲ၊ စနူကာ ၂ ယောက် တွဲနဲ့ 9Ball တဦးချင်းတို့ ကနေ အမြင့်ဆုံး ဆုတံဆိပ်တွေ မျှော်မှန်း ထားတယ်လို့ နည်းပြ ဝါရင့် ဘိလိယက် ကစားသမား ဦးကျော်ဦးက ပြောပါတယ်။

မြန်မာဘိလိယက်နဲ့ စနူကာ အားကစားအဖွဲ့အနေနဲ့ ဘိလိယက်မှာ စင်ကာပူနဲ့ ထိုင်း၊ စနူကာမှာ ထိုင်းနဲ့ မလေးရှား၊ Pool ကစားနည်းမှာ ဖိလစ်ပိုင်တို့ကို အဓိကထား ရင်ဆိုင်မှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ 9 Ball ကစားနည်းမှာ ကစားနေတဲ့ ကမ္ဘာ့အဆင့် လက်ရည်ရှိတဲ့ ဖုန်းမြင့်ကျော် (ခေါ်) အားတီလည်း ပါဝင်ယှဉ်ပြိုင်သွားဖို့ရှိနေပြီး သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးဘဲ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

From : ဒီဗွီဘီ By ထက်လူ

Originally published at - http://burmese.dvb.no/archives/208125

No comments:

Post a Comment