မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 23, 2017

ကြီးကျယ်ခမ်းနားမှုနှင့် အဆုံးသတ်သည့် ကျေနပ်စရာ ဘောလုံး ရာသီဖြစ်ဟု ရော်နယ်ဒို ပြော




ကြီးကျယ် ခမ်းနား မှုတွေနဲ့ အဆုံး သတ်တဲ့ ကျေနပ် စရာ ဘောလုံး ရာသီ တခု jဖစ်တယ်လို့ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီ ယာနို ရော်နယ်ဒိုက လာလီဂါ ဖလား ရယူ အပြီးမှာ ပြောပါတယ်။

ရီးရဲလ် အသင်းဟာ လာလီဂါ နောက်ဆုံး ပွဲစဉ်မှာ မာလာဂါ အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ ခဲ့တာကြောင့် ဘာစီလိုနာ အသင်းကို ၃ မှတ်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင် ခဲ့တာပါ။

အသင်းတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တာတွေ၊ နည်းပြရဲ့ ပါးနပ်မှုတွေနဲ့အတူ ကစားသမားတွေရဲ့ စုပေါင်းကြိုးစား အားထုတ်မှုက အကောင်းဆုံး ဘောလုံးရာသီ ဖြစ်စေခဲ့တယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။

ဒါ့အပြင် ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးလည်း မိမိအနေနဲ့ သူတော်စင်တယောက် မဟုတ်သလို ဆိုးသွမ်းတဲ့သူလည်း မဟုတ်တဲ့အကြောင်း ရော်နယ်ဒိုက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကာဒစ်မှာကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ဟာ ခက်ခဲမှာဖြစ်ပေမယ့် နောက်ထပ် ဖလားတလုံးရရှိအောင် ကြိုးစားသွားမယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။

ရီးရဲလ်အသင်းဟာ လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက်ရယူရေး မျှော်လင့်ချက်အတွက် ဂျူဗင်တပ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208111

No comments:

Post a Comment