မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 19, 2017

ဂျွန်တယ်ရီကို ခေါ်ယူရန် ဆွေးနွေးနေဟု ဆွမ်ဆီး နည်းပြပြော




ချဲလ်ဆီး အသင်း ကနေ ထွက်ခွာမယ့် ဂျွန်တယ်ရီကို ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့ ဆွမ်ဆီး နည်းပြ ပေါလ် စလီမန့်က ၀န်ခံ ပြောကြား လိုက်ပါတယ်။

အသက် ၃၆ နှစ်ရှိ အင်္ဂလန် အသင်း ခေါင်းဆောင်ဟောင်း တယ်ရီဟာ ဒီနှစ် ရာသီ အကုန်မှာ ချဲလ်ဆီး အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမား ဘ၀ကနေ အနား ယူနိုင် တယ်လို့လည်း ပြောကြား ထားတာပါ။

ဆွမ်ဆီးနည်းပြ ပေါစလီမန့်ကတော့ တယ်ရီကိုခေါ်ယူဖို့ ဆွေးနွေးနေပြီး သူ့အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ မသိသေးဘူးလို့ ဆိုပါတယ်။

တယ်ရီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့် လက်ရှိအချိန်မှာ ကောလာဟလသာ ဖြစ်တယ်လို့လည်း ဆွမ်ဆီးနည်းပြက ဆိုပါ တယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် တယ်ရီကို ဘုန်းမောက်နဲ့ ၀က်စ်ဘရွန်းအသင်းတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

ဆွမ်ဆီးအသင်းဟာ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းတဦးဖြစ်တဲ့ မက်ခီလီလီကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207488


No comments:

Post a Comment