မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 22, 2017

ရိုးရာ လက်ဝှေ့ကျော် စောဂေါ်မူဒိုက မွေထိုင်း လက်ဝှေ့ သမားကို ပထမ အချီတွင် အလဲထိုး အနိုင်ယူ




ဂျပန်နိုင်ငံ တိုကျိုမြို့၊ တိုကျို တာဝါ မီဒီယာ စင်တာမှာ မေလ ၂၁ ရက်က ကျင်းပတဲ့ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲမှာ စောဂေါ်မူဒိုက မွေထိုင်း လက်ဝှေ့ သမား ဝီရာဝတ် ဆစ်တ်န်ပါးကို ပထမ အချီမှာပဲ အလဲထိုး အနိုင် ရရှိခဲ့ ပါတယ်။

စောဂေါ်မူဒို အနေနဲ့ ပြီးခဲ့တဲ့ နှစ်က ယိုကို ဟားမားမှာ ကျင်းပတဲ့ ပြိုင်ပွဲ မှာလည်း အလဲထိုး အနိုင်ရ ခဲ့ပြီး ဂျပန်မှာ ဒုတိယ အကြိမ်မြောက် အောင်ပွဲ ခံနိုင်တာ ဖြစ်ပါတယ်။

သူ့ကို အားပေးတဲ့ ပြည်တွင်း ပြည်ပက ပရိသတ်တွေ၊ သင်ကြား ပေးတဲ့ ဆရာ သမားတွေနဲ့ ပွဲစီစဉ် သူတွေကို ကျေးဇူး အထူးတင်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုမှာ လုပ်တဲ့ ပြိုင်ပွဲမှာ အဓိက ပွဲစဉ် အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ၂ ပွဲ ပါဝင် ခဲ့ပြီး နောက်ပွဲစဉ် မှာတော့ ဂျပန်နိုင်ငံသား ခနဲကို ဒိုင်အီချီက ကွန်ဂိုနိုင်ငံသား ဒါရိုင်း လိုကူကူကို ဒုတိယ အချီမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံ သားဟာ ပြီးခဲ့တဲ့နှစ် တုန်းက မြန်မာ ချန်ပီယံ ထွန်းထွန်းမင်းကို ဆူမိုစတိုင် တိုက်ခိုက်ပြိုင်ပွဲမှာ အနိုင်ယူ ခဲ့သူလည်း ဖြစ်ပါတယ်။

From : ဒီဗွီဘီ by ဇော်ဇော်လှိုင်

Originally published at - http://burmese.dvb.no/archives/207905

No comments:

Post a Comment