မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 5, 2017

ဘောလုံး စွမ်းရည် ပြသခဲ့သည့် စီရော်နယ်ဒို၏ သားငယ်




ကမ္ဘာကျော် ဘောလုံး စတား စီရော် နယ်ဒိုရဲ့ သားငယ်ဟာ အံ့ဖွယ် ဘောလုံး စွမ်းရည် ပြသနိုင်တဲ့ ပါရမီရှင် ကလေးငယ် တဦးပါ။

သူ့ကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်နေ့မှာ မွေးခဲ့ တာဖြစ်လို့ လက်ရှိ မှာတော့ အသက် ၇ နှစ် ရှိနေပြီ ဖြစ် ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဒီယေးဂိုး မြို့မှာ မွေးဖွား ခဲ့တဲ့ ကလေးငယ်ရဲ့ မိခင် ဖြစ်သူကိုတော့ ထုတ်ဖော် မကြေညာ ခဲ့ဘဲ ရော်နယ်ဒိုက ဖခင် တဦးအဖြစ်သာ ပြုစု ပျိုးထောင် ထားခဲ့ တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကမ္ဘာကျော် ဖခင်လိုပဲ ဘောလုံးကို အလိမ်အခေါက် ကစားကွက်တွေနဲ့ လျှင်လျှင်မြန်မြန် စွမ်းရည်ပြ ကစားခဲ့တာကို တွေ့ရမှာပါ။

လက်ရှိမှာတော့ အဲဒီကလေးငယ်ဟာ နာမည်ကျော်ကြား လူပုဂ္ဂိုလ်စာရင်း ကမ္ဘာ့အဆင့် ၂၃၁၆ ယောက်မြောက်နေရာမှာ ရပ်တည်နေတာပါ။

သူ့ကို ခရစ္စတီယန်နင်ဟိုဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများပြီး ဖခင်ဖြစ်သူရဲ့ အပြည့်အဝ အုပ်ထိန်းမှုအောက်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210564

No comments:

Post a Comment