မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 13, 2017

တောင်ပံ သမား ယာနူဇက်ကို ရီးရဲလ် ဆိုစီဒက်သို့ ရောင်းချရန် မန်ယူ သဘောတူ




မန်ယူ အသင်းဟာ တောင်ပံ ကစားသမား ယာနူဇက်ကို စပိန်ကလပ် ရီးရဲလ် ဆိုစီဒက် အသင်းဆီ ရောင်းချဖို့ သဘော တူညီ ခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ ဘယ်လ်ဂျီယံ ကစားသမား ယာနူဇက် အတွက် မန်ယူ အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၉ ဒသမ ၈ သန်း ရရှိမှာပါ။

ယာနူဇက်ဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း ဒေါ့မွန်နဲ့ ဆန်းဒါးလန်းအသင်းတွေဆီ အငှားသွားရောက် ကစားခဲ့ရတာပါ။

စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းဟာ ရက်ပိုင်းအတွင်း ယာနူဇက်ကို ဆေးစစ်ပြီး တရားဝင် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ယာနူဇက်ဟာ မန်ယူအသင်းကို ဒေးဗစ်မိုယက်စ် နည်းပြစဉ်က အန်ဒါလက်ခ်ျအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ၆၃ ပွဲကစားပြီး ၅ ဂိုး သွင်းယူခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/217621

No comments:

Post a Comment