မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 4, 2017

ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို အဲဗာတန် ခေါ်ယူရန် သဘောတူ




အဲဗာတန် အသင်းဟာ ဘန်လေ နောက်တန်း ကစား သမား မိုက်ကယ် ကိန်းကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရသွားပြီး နာရီပိုင်း အတွင်း အပြီးသတ် စာချုပ် ချုပ်ဆို တော့မယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် မိုက်ကယ်ကိန်းဟာ အဲဗာတန်အသင်းမှာ တပတ်လုပ်ခ ပေါင် ၆ သောင်း ရရှိမှာဖြစ်ပြီး ဘန်လေအသင်းမှာ ရှိစဉ်ကထက် လုပ်ခ ၂ ဆ တိုးမြှင့်ရရှိတာပါ။

မိုက်ကယ်ကိန်းဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အဲဗာတန်အသင်းရဲ့ စတုတ္ထမြောက်ခေါ်ယူတဲ့ ကစားသမား ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ဆန်းဒါးလန်းဂိုးသမား ဂျော်ဒန်ပစ်ခ်ဖို့ဒ်၊ အေဂျက်ဇ်ကွင်းလယ်လူ ကလက်ဆန်နဲ့ နိုင်ဂျီးရီးယား လူငယ်တိုက်စစ်မှူး ဟင်နရီအွန်ရီကူယာတို့ကိုလည်း ပေါင်သန်း ၈၀ သုံးပြီး ခေါ်ယူထားတာပါ။

အဲဗာတန်အသင်းနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုတော့မယ့် မိုက်ကယ်ကိန်းဟာ အင်္ဂလန်ရဲ့ အလားအလာရှိတဲ့ နောက်တန်းကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းမှာလည်း ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/216014

No comments:

Post a Comment