မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 5, 2017

ဆီဗီလာ ကွင်းလယ်လူ အီဘိုယာကို လက်စတာ ခေါ်ယူရန် သဘောတူ




လက်စတာ အသင်းဟာ စပိန် ကလပ် ဆီဗီလာ ကွင်းလယ် ကစား သမား အီဘိုယာကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရသွား ပါတယ်။

အသက် ၂၉ နှစ်ရှိ စပိန် ကစားသမား အီဘိုယာဟာ ဆီဗီလာ အသင်းနဲ့ အတူ ယူရိုပါလိဂ် ဖလား ၃ ကြိမ်ဆက် ရယူရာမှာ ခြေစွမ်းပြ ခဲ့သူပါ။

အီဘိုယာအနေနဲ့ လက်စတာအသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး လက်စတာအသင်းနဲ့ ဆေးစစ်ကာ အပြီးသတ်စာချုပ် ချုပ်ဆိုတော့မယ်လို့ ဆီဗီလာ အသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

အီဘိုယာဟာ ၂၀၁၃ ခုနှစ်ကနေ ပြီးခဲ့တဲ့ရာသီအထိ ဆီဗီလာအသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၇၀ မှာ သွင်းဂိုး ၃၀ သွင်းပေးခဲ့ပါတယ်။

လက်စတာအသင်းဟာ ဟားလ်စီးတီးနောက်ခံလူ မက်ဂွီယာကိုလည်း ပေါင် ၁၇ သန်းနဲ့ ခေါ်ယူထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/216161

No comments:

Post a Comment